-->

Thursday, October 25, 2007

ဘာလည်း ???

ဘာလည်း ဆိုလို့ တစ်ခြားတော့ မဟုတ်ဘူးနော်

ဘယ်သူကို လွမ်းမှန်း မသိတဲ့ ဘ၀ကို ပြောတာ.. ကျားပေါက် ဆိုထားတဲ့ သီချင်းလေးလိုမျိုး... ၀က်မကြီးလည်း လွမ်းတယ် ဆိုတာတော့ မပါဘူးပေါ့နော်။ အခုဟာက ဘာဖြစ်နေမှန်းကို မသိဘူး။ အလုပ်ရှုပ်နေလည်း ဖြတ်ကနဲဆို ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်ပြန် မြင်ယောင်နေတယ်။ ခဏလေးဘဲ တစ်ကယ့်ကို ၁စက္ကန့်တောင် မပြည့်ဘူး မျက်လုံးထဲမှာ လာလာပေါ်တယ်။ ပြီးရင်ပျောက်သွား ပြန်ရော.. ရင်ထဲမှာ ဟာပြီးကျန်ခဲ့တယ်...

တစ်ခါတစ်လေ မမြင်ဘူးတဲ့သူတွေ မမြင်ဘူးတဲ့ နေရာတွေကို ဖြတ်ခနဲ တွေလိုက် မြင်လိုက်တယ်။ ဘာမှန်းလည်း မသိဘူး။ လုပ်လက်ဆ အလုပ်တွေ အကုန်ရပ်ပြီး ငူငူငိုင်ငိုင်ကြီး ဖြစ်သွားတယ်။ ဒါရော ဘာလည်း လွမ်းတာလား။ ငယ်ငယ်ထဲက ဆုံးသွားတဲ့ အဖွား မျက်လုံးထဲမှာ ထင်ထင်ရှားရှား လာပေါ်တယ်။ လှုပ်ရှားနေတာတွေရော ဗီဒီယို ကြည့်ရသလိုဘဲ..... အဲဒါရော ဘာလည်း ?????????
ဘာလည်း ???
ဘာလည်း ???

ကျွန်တော်.....ဘာလည်း ???

(ဂေါက်တာတော့ ဟုတ်မယ်ထင်ပါဝူးနော်.....ဟီး)

coconut