-->

Friday, October 19, 2007

မြန်မာ အလုပ်သမားများ ဘဝ

မြန်မာ အလုပ်သမား ဘဝ
ကျွန်တော် ဒီရောက်တော့ တွေကြုံရတာလေးတွေပါ။
စင်ကာပူ နိုင်ငံမှာ ဟိုအရင်တုန်းက မြန်မာ အလုပ်သမား ဆိုတာ ရှားပါတယ်။ နေရာတိုင်း ကြည့်လိုက်ရင် မြန်မာတွေ ရှိပေမယ့် အတော် များများက အင်ဂျင်နီယာတွေ၊ ဆရာဝန်တွေနဲ့ အရာရှိတွေပဲများပါတယ်။ စင်ကာပူတစ်နိုင်ငံလုံး မြန်မာအင်ဂျင်နီယာတွေက တည်ဆောက်ထားတာလို့တောင် ပြောလို့ရပါတယ်။

အခုတော့ နေရာအနှံမှာ မြန်မာ အလုပ်သမားတွေ ရှိနေကြပါပြီ။ သူတို့တွေ ဘာလို့ ဒီလို အလုပ် လုပ်နေကြရတာလည်း။ သူတို့အလုပ် လုပ်နေလို့ ထိုက်တန်တဲ့ ၀င်ငွေရော ရကြရဲ့လား။ မေးစရာလေးတွေပါ။ ကျွန်တော် သူတို့ကိုမေးကြည့်တော့ အတော်များများဟာ ဘွဲ့ရ ပညာတပ်တွေများပါတယ်။ သူတို့တွေ ဟာအလုပ်ကို ပင်ပန်းကြီးစွာ လုပ်ကြရပြီး ထိုက်သင့်သလောက် မရရှိကြပါဘူး။

မြန်မာတွေဟာ ထက်မြက်တယ်။ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ နောက်လိုက်ကောင်း တစ်ယောက်ရဲ့ အရည်အချင်းတွေ အတော်များများ ရှိကြပါတယ်။ တစ်ခုခုကို မြင်လိုက် သင်လိုက်ပြီဆိုတာနဲ့ တပ်မြောက် နိုင်ကြပါတယ်။ သူတို့ ပညာ သူတို့ အရည်အချင်းတွေကို ဒီမှာ ထုပ်ဖေါ်ပြသဖို့ အခွင့်အရေး မရရှိဘဲ ကျရာနေရာမှာ ခိုင်းတာကို လုပ်ပြီး ပေးသလောက်သာ ရရှိနေကြပါတယ်။

သေချာစဉ်းစား ကြည့်ရင် ရင်နာစရာကောင်းပါတယ်။ သူတို့ကျောင်းနေဖို့ ပေးဆပ်ခဲ့ရတဲ့ အချိန်တွေ၊ ငွေကြေးတွေကို နှမျောဖို့ကောင်းပါတယ်။ အခြာတစ်ချက်ကတော့ သူတို့ဟာ ဘာကိုမှမသိသေးဘဲ နိုင်ငံခြားမှာ အလုပ်လုပ်ရမယ် ၀င်ငွေကောင်းတယ် ဆိုတဲ့ အချက်လေးတစ်ချက် နဲ့တင် အေးဂျင်တွေပြောသမျှ ဘ၀ နှင့် ငွေကြေးကို ပုံပေး သူတို့ တက်လမ်းထင်ပြီး ဘ၀ကို စခဲ့ကြပါတယ်။

ဒီရောက်တော့ ပြောသမျှအလုပ်၊ ၀င်ငွေ ဘာတစ်ခုမှ မရဘဲ အေးဂျင့်ကြေးတွေပိပြီး အရင်းကြေရင် ပြန်တော့မယ် ဆိုပြီး အံကြိတ်လုပ်နေကြရပါတယ်။ သူတို့ရဲ့ စိတ်ဆင်းရဲမှု့တွေ ညီးညူမှု့တွေကို နားနဲ့မဆံကြားရတဲ့အခါ သေချာမစဉ်းစားဘဲ စခဲ့တဲ့သူတို့တွေ၊ မြန်မာအချင်းချင်း ကိုယ်ချင်းမစာ ကိုယ့်အတ္တဘဲ ကြည့်ပြီး ပိုက်ဆံရရင် ပြီးရောဆိုတဲ့ အေးဂျင့်တွေ ဘယ်သူတွေ ဘယ်သူ့တွေကို အပြစ်တင်ရမှန်းတောင် မသိတော့ပါဘူးဗျာ..........။


(အားလုံးကို မဆိုလိုပါ... ခံစားမိသလောက် ရေးလိုက်ခြင်းဖြစ်ပါသည်။)