-->

Saturday, October 20, 2007

အမှတ်တရ ခရီသွားမှတ်တမ်း ၀၀၂

ဒီတစ်ခေါက် သွားကြတာကတော့...

နီနီးနားနားပါ ..ကျွန်တော့် မွေးနေ့.... ဘုရားသွားတယ် တော့ဟုတ်ဘူး....။ လှော်ကား ဥယျာဉ်ကို သွားကြတာပါ။

ပတမဆုံး စီစဉ်တာက ကျွန်တော် မဟုတ်ပါဘူး။ သူငယ်ချင်းတွေက ကျွန်တော်အတွက် စီစဉ်ကြတာပါ။ အိမ်ကကားကို ယူမယ် ထမင်း ဟင်းချက် ပျော်ပွဲစားထွက် ကြမယ်ပေါ့။ အစကတော့ လူကနည်းနည်း လောက်ဘဲ လိုက်ကြမယ်၊ ပစ်ကပ်ကား တစ်စီးနှစ်စီးလောက်ဆို ရပြီထင်တာပေါ့။

နောက်လူလည်းစု လိုက်ရော မရတော့ဘူး အရမ်းများနေတယ်။ ကားတွေကို ဆီလိုက်ထည့်ပေးရမှာနဲ့ ဆီဖိုးကတင် တော်တော် ကုန်လောက်တယ်။ နောက်ပြီး လေးငါးယောက် တစ်စီး လေးငါးယောက်တစ်စီးနဲ့ ပျော်ဖိုလည်းမကောင်းဘူး တစ်စုတစ်စည်းတည်း သွားကြမယ် ဆိုပြီး ကားအကြီးလိုက် ငှားကြပြန်ရော..။

သွားဖို့ရက် ကလည်း နီးနေပြီ ချက်ချင်းကြီး ကားငှားတော့လည်း မရ။ လူတွေကလည်း အကုန်ပြောပြီးပြီ၊ လိုက်ကြမှာ ကြိမ်းသေတယ်။ ထမင်းချက် / ဟင်းချက်မယ့် သူတွေကလည်း အကုန်းစီစဉ်နေကြပြီ၊ (အထူး ဟင်းခတ် အမွေးအကြိုင်လေးနဲ့ ကာလသားချက်လေးပေါ့)။ ဒီမှာက ကားငှားလို့ မရသေးဘူး။ နောက်ဆုံး ဘာလုပ်လိုက်ရလည်း ဆိုတော့.........

ကျွန်တော်တို့ အစက လေဟာပြင်ဈေး တစ်ဖက်ခြမ်းမှာ သာရေးတို့ နာရေးတို့ လိုက်တဲ့ BM ကားကြီးတွေ ဂိတ်ရှိတယ်မှတ်လား။ အဲဒီကိုသွား ဈေးစကားပြော အတင်းဈေးဆစ် အဆင်ပြေတဲ့ကား ငှားပြီးသွားကြပါလေရော .......ဗျို့


တိန်