-->

Sunday, September 23, 2007

သူငယ်ချင်းများနှင့်.. ၁၀တန်းကျောင်းပြီးတုန်းက ဘ၀တွေကို အမှတ်တရ

(( အဖွဲ့ စတင်ဖြစ်ခဲ့ပုံ))

သူငယ်ချင်းများနှင့် ၁၀ ဖြေပြီးတဲ့နှစ် ၁၉၉၆ မတ်လ မှာပေါ့။ သင်တန်းတွေ တက်ကြ လက်ဖက်ရည်ဆိုင် ထိုင်ကြနဲ့ အချိန်တွေ ပိုနေတဲ့ ကျွန်တော်တို့ တစ်တွေ အဖွဲ့ တစ်ဖွဲ့ ဖွဲ့ဖြစ်ခဲ့ကြတယ်...

အဲဒီအဖွဲ့ကို နာမည်ပေး ကြမယ်ဆိုတော့ ပြသနာက စပါလေရော...။ တစ်ယောက်တစ်ပေါက်နဲ့ အမျိုးမျိုး ပြောကြတာပေါ့။ အဲဒီမှာတင် ညှိလို့မရ အတည်ပြုလို့မရ နဲ့ တိုင်ပတ်နေကြတယ်....

အဲဒီအချိန်စဉ်းစားမိတာက ကျွန်တော်တို့အဖွဲ့က အိမ်ကို လက်ဖက်ရည်ဆိုင်ဆိုရင် အအေးဆိုင်(ဘာအအေးလည်းတော့ သိပါတယ်နော်) ရောက်တယ် အအေးဆိုင်ဆိုရင် လက်ဖက်ရည်ဆိုင် ရောက်တယ် ဟိုဆို ဒီရောက်..... ဒီဆိုရင် ဟိုရောက်တယ်... ဆိုပြီး နောက်ဆုံး ဖမ်းမရတဲ့အဖွဲ့ CAN'T CATCH GROUP. (CCG) ဆိုပြီး အတည်ပြုရင်းနဲ့ အဖွဲ့ကိုဖွဲ့ ဖြစ်သွားတာပါဘဲ...............